Support_F&Q
Q: လိုင်းပျက်မပျက်ဘယ်လိုသိနိုင်လဲ?
A: အလွယ်ပြောရရင်တော့ မီးအားလုံးစိမ်းပြီး လိုင်းသုံးရရင် လိုင်းရတယ်လို့ဆိုနိုင်ပါတယ်။
ဒါမှမဟုတ် မီးစိမ်းပြီး မိနစ် (၃၀) လောက်ထိ လိုင်းမရတာ၊ စက်မီးနီတာတို့ဆိုရင်တော့ လိုင်းပျက်တာသေချာပါတယ်။ ဒါဆိုရင်တော့ သက်ဆိုင်ရာငှာနကိုအမြန်အကြောင်းကြားပေးပါ။
တစ်ခါတစ်လေ ရုံးဘက်က Server Update တင်တဲ့အခါမျိုးမှာလည်း မီးစိမ်းပြီး လိုင်းမရတာမျိုးရှိနိုင်ပါတယ်။
Q: လိုင်းပျက်ရင် ဘယ်လောက်ကြာနိုင်သလဲ?
A: လိုင်းပျက်ရင်တော့ သက်ဆိုင်ရာ Page Chatbox၊ Viber၊ App ကနေ ဆက်သွယ်ပြီး (၄၈)နာရီအတွင်းလာရောက်ပြင်ဆင်ပေးပါတယ်။
Q: လိုင်းပျက်ရင် ဘယ်လိုဆက်သွယ်ရမလဲ?
A: လိုင်းပျက်သွားရင်တော့ Page Chatbox (သို့မဟုတ်) Viber ကိုဆက်သွယ်နိုင်သလို Call Center ကို (၂၄) နာရီပိတ်ရက်မရှိ ဆက်သွယ်အကြောင်းကြားနိုင်ပါတယ်။
Q: လိုင်းနဲ့ပတ်သက်ပြီး Update သတင်းတွေကို ဘယ်လိုသိနိုင်သလဲ?
A: လိုင်းနဲ့ပတ်သက်ပြီး Update သတင်းများကို Facebook Page , Viber Community Group တို့ကိုဝင်ရောက်ကြည့်ရှုတာနဲ့ သက်ဆိုင်ရာ အချက်အလက်များကိုသိနိုင်ပါတယ်။
Q: ဘေဆောင်ရက်ကိုအလွယ်တကူ ဘယ်လိုသိနိုင်လဲ?
A: ဘေဆောင်ရက်ကိုတော့ App မှာ အလွယ်တကူ သိရှိနိုင်ပါတယ်။
ဒါအပြင် Page Chatbox၊ Viber တို့မှာ စက် ID ပြောပြပြီး ဘေသက်တမ်းကုန်ဆုံးရက်ကိုမေးနိုင်ပါတယ်။
Q: ဘေဘယ်လိုဆောင်လို့ရနိုင်လဲ?
A: BPay, K pay, Wave Money, AYA Mobile Banking, Yoma Mobile Banking, Kbz Mobile Banking, CB Mobile Banking အစရှိသော Official Payment များနှင့်ပေးဆောင်လို့ရနိုင်ပါတယ်။
ဘေနဲ့ပတ်သက်ပြီး မပြောင်းလဲတဲ့ တစ်သက်တာ ပရိုမိုးရှင်းကတော့ (၆) လဆောင်တိုင်း (၁)လ လက်ဆောင်ရမှာဖြစ်ပါတယ်။
Q: ဘေဆောင်မှုအောင်မြင်ကြောင်း ဘယ်လိုသိနိုင်လဲ?
A: ဘေဆောင်ပြီးရင်တော့ သက်ဆိုင်ရာ Viber မှာမိမိရဲ့ စက် ID နဲ့ ဘေဆောင်ထားတဲ့ Screenshot အပြည့်အစုံတို့ကို ပို့ပေးရင်တော့ ဘေဆောင်မှု လုပ်ငန်းစဥ်အောင်မြင်ပါတယ်။
Screenshot ပို့ရာမှာလည်း လုပ်ငန်းစဥ်နံပတ်ပါသော SS များကိုရိုက်ပို့ပေးဖို့ကိုလည်း အကြံပြုအပ်ပါတယ်။
Q: ဘေဆောင်ပြီး လိုင်းမရရင် ဘယ်ကိုအကြောင်းကြားရမလဲ?
A: ဘေဆောင်လိုင်းမရရင်တော့ App, Page Chatbox ၊ Customer Care Viber တို့မှာ အကြောင်းကြားနိုင်ပါတယ်။
Q: ယာယီလိုင်းအသုံးပြုမှု ရပ်နားချင်ရင် ဘယ်လိုလုပ်ဆောင်ရမလဲ?
A: ခရီးသွားလို့ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် ယာယီလိုင်းအသုံးပြုမှု ရပ်နားချင်ရင်တော့ သက်ဆိုင်ရာ Page Chatbox နှင့် Customer Care Viber မှာ မိမိစက် ID ပြောပြီးလိုင်းပိတ်ခိုင်းလို့ရပါတယ်။
စက်ထိန်းသိမ်းစောင့်ရှောက်ခ (၅၀၀၀) ကျပ်တော့ ပေးဆောင်ရပါတယ်။
Q: Package စျေးနှုန်းတွေကရော ဘယ်လိုရှိလဲ?
A: အိမ်သုံး Fiber Internet ရဲ့ ဈေးနှုန်းလေးတွေကတော့
20 Mbps - 28750 ကျပ်
30 Mbps - 41400 ကျပ်
40 Mbps - 51750 ကျပ်
Q: မိမိသုံးတဲ့လိုင်းစွဲအားကို ဘယ်လိုစစ်လို့ရလဲ?
A: မိမိသုံးတဲ့ အင်တာနက်လိုင်းဆွဲအားကို သိချင်ရင်တော့ www.speedtest.net မှာစစ်ဆေးနိုင်ပါတယ်။
Q: ဘယ်နေရာတွေမှာ တပ်ဆင်လို့ရနိုင်လဲ?
A: လှိုင်၊ ကမာရွတ်၊ စမ်းချောင်း၊ ကြည့်မြင့်တိုင်၊ အလုံ၊ လမ်းမတော်၊ ကျောက်တံတား၊ ဗိုလ်တစ်ထောင်၊ ပုဇွန်တောင်၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ဗဟန်း၊ ရန်ကင်း၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ သာကေတ၊ ဒေါပုံ၊ သန်လျှင်၊ တောင်ဒဂုံ၊ ဒဂုံဆိမ်ကမ်း၊ မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်ပါရမီ စိန်ဂေဟာ၊ ဒဂုံ၊ သင်္ဃန်းကျွန်း၊ တောင်ဉက္ကလာ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ မြောက်ဉက္ကလာ တို့မှာ တပ်ဆင်နိုင်မှာဖြစ်ပါတယ်။
Q: စက်အသစ်တပ်ဆင်ခရော ဘယ်လိုတွေသတ်မှတ်ထားလဲ?
A: စက်အသစ်တပ်ဆင်ရင်တော့ တပ်ဆင်ခ၊ ပစ္စည်းဖိုး ၊ Service Charges အားလုံးအခမဲ့ပါဝင်ပါတယ်။
Q: ဝန်ဆောင်မှုအားလုံးကိုသိချင်ရင် ဘယ်မှာစုံစမ်းလို့ရနိုင်လဲ?
A: Wifi နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုရင်တော့ Call Center၊ Page Chatbox နှင့် Customer Care Viber မှာ သိလိုသည်များကို မေးမြန်းနိုင်မှာဖြစ်ပါတယ်။
Q: Password ချိန်းမယ်ဆိုရင် ဘယ်မှာဆက်သွယ်လို့ရနိုင်လဲ?
A: App၊ Call Center၊ Page Chatbox နှင့် Customer Care Viber မှာ ပြောင်းလိုသည့် Password No ကို ပေးပို့ပြီး ပြောင်းနိုင်သလို Complain Form တင်ပြီးလည်း Password ပြောင်းနိုင်ပါတယ်။
Q: Fiber Internet (သို့) FTTH ဆိုတာဘာလဲ?
A: ဖိုင်ဘာအင်တာနက်ဆိုတာကတော့ ဖန်ဖြင့်ပြုလုပ်ထားသောကြိုးမှတစ်ဆင့် အလင်းအနေဖြင့် သတင်းအချက်အလက်များကို သယ်ဆောင်ပေးသော ဆက်သွယ်ရေးနည်းပညာတစ်ခုဖြစ်ပါတယ်။
DSL (ဖုန်းလိုင်းမှတစ်ဆင့် အင်တာနက်သုံးသောနည်းပညာ) နှင့်သဘောတရားချင်းတူပြီး ဝါယာကြိုးများအစား ဖန်ကြိုးများဖြင့်တပ်ဆင်ထားခြင်းဖြစ်သည်။
သတင်းအချက်အလက်များကို လျှပ်စစ်အနေဖြင့် သယ်ဆောင်ခြင်းအစား အလင်းအနေဖြင့် သယ်ဆောင်ခြင်းဖြစ်သည်။
Q: Wireless ဆိုတာဘာလဲ?
A: ရေဒီယိုလှိုင်းများကိုအသုံးပြုထားတဲ့ ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာကို ဆိုလိုတာဖြစ်ပါတယ်။
ကြိုးမဲ့ဖြစ်တာကြောင့် လှိုင်းမိတဲ့နေရာတိုင်းမှာ အလွယ်တကူအသုံးပြုလို့ရပါတယ်။
Q: Fiber Internet နှင့် Wireless အမြန်နှုန်း ကွာခြားပုံ
A: အမြန်နှုန်းချင်းယှဉ်လာရင်တော့ Fiber က Wireless ထက်အများကြီးသာပါတယ်။
အသုံးပြုသူများလာတာနဲ့အမျှ၊ video၊ game တွေ တစ်ပြိုင်တည်းအသုံးပြုလာတာနဲ့အမျှ Wireless နဲ့ Fiber Internet ရဲ့ ကွာခြားချက်ကိုသိနိုင်ပါတယ်။
Q: Fiber Internet နှင့် Wireless အကွာအဝေးခြားနားချက်
A: အကွာအဝေးများသွားလေလေ Wireless signal ကလည်းအားနည်းသွားလေလေပါဖြစ်ပါတယ်။
မိမိအသုံးပြုတဲ့နေရာနဲ့ Wireless ထပ်ဆင့်လွှင့်စက်တွေဝေးနေရင်တော့ အင်တာနက်လိုင်းကောင်းဖို့ဆိုတာမဖြစ်နိုင်ပါဘူး။
Fiber အင်တာနက်ကတော့ point to point ချိတ်ဆက်တာဖြစ်လို့ မိမိရှိတဲ့နေရာအထိ လိုင်းကျခြင်း၊ လိုင်းမငြိမ်ခြင်းတွေမရှိပါဘူး။
Q: Fiber Internet နှင့် Wireless အကြမ်းခံ လုံခြုံရေး ခြားနားချက်
A: Wireless တွေက ရာသီဥတုကောင်းရင် အမြဲလိုင်းကောင်းတတ်ပြီး ရာသီဥတုမကောင်းတာနဲ့ မီးပျက်တာတို့မှာ လိုင်းအားကျတာလေးတွေမကြာခဏဖြစ်တတ်ပါတယ်။
Fiber လိုင်းကတော့ ရာသီဥတုဒဏ်ခံနိုင်ပါတယ်။
Wireless ကတော့ ရေဒီယိုလှိုင်းတွေလွှင့်ထားကြောင့် လိုင်းမိသောနေရာများမှာ အလွယ်တကူ အသုံးပြုနိုင်ပေမယ့် HACKING လည်းအလွယ်တကူလုပ်လို့ရပါတယ်။
Fiber network မှာတော့ fiber ကြိုးနဲ့အသုံးပြုထားတာဖြစ်တဲ့အတွက် အလွယ်တကူ hacking လုပ်ရတာမလွယ်ကူပါဘူး။
Q: Fiber Internet နှင့် Wireless ဒေတာပမာဏ ခြားနားချက်
A: များသောအားဖြင့် Wireless တွေဟာ တစ်နည်းနည်းနဲ့ ဒေတာအသုံးပြုမှုပမာဏကို ကန့်သတ်ထားပါတယ်။
ဘယ်လောက် GB ကို ဘယ်အချိန်အတွင်းသုံးရမယ်ဆိုတာမျိုးလေးတွေပေါ့။
အကန့်အသတ်မရှိဘူးလို့ပြောရင်တောင် ဘယ်လောက်GB ကျော်သွားရင် လိုင်းနှေးသွားပါမယ်ဆိုတဲ့ ကန့်သတ်ချက်လေးတွေရှိပါတယ်။
Fiber အင်တာနက်ကတော့ ဒေတာဘယ်လောက်သုံးသုံး တကယ်ကို unlimited data ပါပဲ။
Q: အသုံးပြမှု လွယ်ကူပုံ ခြားနားချက်
A: ဒီအချက်မှာတော့ Wireless ကအားသာသွားမှာဖြစ်ပါတယ်။
လိုင်းမိတဲ့ဘယ်နေရာသွားသွား အင်တာနက်သုံးလို့ရနေမှာပါ။
Fiber ကတော့ မိမိချိတ်ဆက်တပ်ဆင်ထားတဲ့ မိမိတို့ရဲ့ Home Sweet Home မှာသာ အနားယူအပန်းဖြေရင်း video တွေကြည့်၊ game တွေဆော့၊facebook တွေစိတ်ကြိုက်သုံးလို့ရတာပေါ့။
Q: Download Speed ဆိုတာ ဘာလဲ?
A: နေ့စဉ်နဲ့အမျှ အင်တာနက်သုံးရင် တွေ့ကြုံနေရတဲ့ အရာတစ်ခုပါပဲ Youtube ပေါ်က Videoတွေ၊ Facebook ပေါ်က Video Clip တွေ အပြင် တစ်ခြားသော Game Application, File တွေကို Download လုပ်တဲ့အရာကို ခေါ်ဆိုခြင်းပဲဖြစ်ပါတယ်။
Q: Upload Speed ဆိုတာ ဘာလဲ?
A: Social Media ပေါ်မာ မိမိရဲ့ လှပတဲ့ Selfie ပုံတွေ တင်မယ်၊ Video လေးတွေ တင်မယ်၊ လုပ်ငန်းနဲ့ပတ်သက်တဲ့ File ၊ Mail တွေ ပို့တဲ့အခါ Uploading ပြုလုပ်ခြင်းကို ဆိုလိုခြင်းပဲ ဖြစ်ပါတယ်။
Q: Mbpsတိုးသုံးချင်ရင် ဘယ်လိုလုပ်ရလဲ?
A: မိမိသုံးတဲ့လိုင်းကိုလုပ်ငန်းအတွက်အသုံးပြုချင်လို့ပဲဖြစ်ဖြစ်၊ လူသုံးများလို့ လိုင်းထပ်တိုးချင်လို့ပဲဖြစ်ဖြစ် Mbps ပြောင်းချင်ရင်တော့ သက်ဆိုင်ရာ Page Chatbox နှင့် Customer Care Viber မှာ လူကြီးမင်းရဲ့ စက် ID ကိုပို့ပြီး ပြောင်းချင်တဲ့ Mbps ကိုပြောလိုက်တာနဲ့ ပြောင်းနိုင်ပါတယ်။